Pages

Subscribe:

Ads 468x60px

Wednesday, August 6, 2014

How to Root Samsung Galaxy Grand 2 SM-G7102 (ပုံနှင့်သေချာရှင်းပြချက်)



နော်ရှမ်း(နည်းပညာမျှဝေခြင်း) ဆိုက် မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....Facebook မှ ဖတ်ချင်တယ်ဆိုရင် Like လေးနှိပ့်ခဲ့ပါခင်ဗျား ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား

★★ How to Root Samsung Galaxy Grand 2 SM-G7102 (ပုံနှင့်သေချာရှင်းပြချက်) ★★


ကျွန်တော်ဒီနေ့မေးလာတဲ့သူငယ်ချင်းတွေအတွက်အချိန်နည်းနည်းရတာနဲ့ Samsung Galaxy Grand 2 SM-G7102 ကို Odin ကိုသုံးပြီးဘယ်လို Root ဖောတ်မလည်းဆိုတာပုံတွေနဲ့တစ်ဆင့်ခြင်းရှင်းပြထား ပါတယ်။အောက်မှာသေချာလိုက်ကြည့်ပါ...။

1. ပထမဆုံး Samsung Galaxy USB Driver များကိုစုစည်းထားတဲ့ ဒီနေရာမှာ နှိပ်ပြီးအရင်
ဝင်ဒေါင်းပါ။ပြီးရင်အင်စတောလုပ်ထားပါ။

2. 1GB ခန့်ရှိတဲ့ Root file ကိုအောက်မှာအရင်သွားဒေါင်းလိုက်ပါ။ပြီးရင်ဖိုင်ကိုဖြည်လိုက်ရင်အောက်မှာ
ပြထားတဲ့အတိုင်းတွေ့ရမှာပါ..။


3. ပြီးရင်မိမိဖုန်းကိုပိတ်လိုက်ပါ။ပုံပြထားပါတယ်မသေချာမှာဆိုးလို့ပါ..။




4. ပြီးရင်ဖုန်းကို Download mode ထဲကိုဝင်ဖို့အတွက် Volume Down Key နှင့် Home Button ရယ်
Power Button ကိုတစ်ပြိုင်တည်းစုန်နှိပ်ပါ။အောက်မှာပုံနဲ့ပြထားပါတယ်။


5. Download mode ထဲကိုဝင်သွားပြီဆိုရင်အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာပါမယ်။ပေါ်လာရင်
Volume Up ကိုနှိပ်လိုက်ပါ။ဘာကြောင့်လည်းဆိုတော့နောက်ထပ်အလုပ်ဆက်လုပ်ဖို့ဖြစ်ပါတယ်။


6. ပြီးရင်ဒေါင်းလော့စ်ဖိုင်ထဲမှာရှိနေတဲ့ Odin3 v3.09 ကို Run လိုက်ပါ။ပြီးရင်ဖုန်းနဲ့ကွန်ပြူ တာကို
ချိတ်ဆက်လိုက်ပါ။ပုံပြထားပါတယ်။




7. Odin3 v3.09 ကို Run လိုက်တဲ့အတွက်အောက်ကပြထားတဲ့ပုံအတိုင်းပုံပေါ်နေမှာပါ။ဖုန်းနဲ့ချိတ်ဆက်
လိုက်တဲ့အတွက် Odin3 ဘောက်မှာ "Added" လေးပေါ်လာပါမယ်။အောက်ကပုံကိုကြည့်ပါ။


8. ပေါ်လာပြီးဆိုရင် PDA Button ကိုနှိပ်လိုက်ပါ။ပြီးရင်ဒေါင်းလော့စ်ဖိုင်ထဲက SM-G7102.tar ဆိုတာ
ကိုခေါ်လိုက်ပါ။





9. ဒါဆိုရင်အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာရင် Start Button ကိုနှိပ်လိုက်ပါ။


10. ပြီးရင် 30-50 စက္ကန့်လောက်ခဏစောင့်လိုက်ပါ။Rooting လုပ်နေတာဖြစ်ပါတယ်။ပြီးပြီးဆိုတာနဲ့
အစိမ်းရောင် PASS ဆိုတဲ့စာတန်းလေးပေါ်လာပါမယ်။ပေါ်လာအောင်စောင့်ပါ။ပြီးရင် Reboot ကျပြီး
ပြန်တက်လာပါမယ်။


ဒါဆိုရင်တော့မိမိဖုန်းကိုကွန်ပြူ တာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ပြီးရင်သင့်ဖုန်းထဲမှာ SuperSu
App လေးကိုအောက်မှာပုံပြထားတဲ့အတိုင်းတွေ့မြင်ရပါမယ်။Root အောင်မအောင်ကိုသိချင်ရင်
Google Play Store ကနေ Root Checker ကိုဒေါင်းပြီးစမ်းသပ်နိုင်ပါတယ်။





အားလုံးပဲအဆင်ပြေကြပါစေ...။

























ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( နော်ရှမ်း-နည်းပညာမျှဝေခြင်း)( နော်ရှမ်း- နည်းပညာမျှဝေခြင်း)



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 
Blogger Templates